တာဝန်ယူတတ်ကြပါစေ ။

Thursday, 24 May 2012

0 comments

ဘယ်သူကနေ ဘယ်လို စလိုက်တယ် မသိပါဘူး ခုတလော တွေ.နေရတာကတော့လျှပ်စစ် မီး ပြဿနာပါပဲ ။ မန္တလေး က စလို. ရန်ကုန်မှာပါ မီးရရှိရေးအတွက် တောင်းဆိုနေကြတဲ့ ပုံတွေ တွေ.ရပါတယ် ။ မှန်ပါတယ် လျှပ်စစ်မီးဟာ နိုင်ငံတိုင်းအတွက် အရေးကြီးပါတယ် ။ မီးပျက်တဲ့ ဒါဏ်ကို ကျမ ကိုယ်တိုင် ခံစားခဲ့ဖူးပါတယ် ။ ခုတိုင်လဲ ကျမ မိသားစု ခံစားနေရဆဲပါ ။ မီးခလုပ် ဖွင့်လိုက်တာနဲ. မီးလင်းနေတာကိုပဲ တခြား ပြည်သူတွေနဲ.
ထပ်တူ မြင်ချင်တာပါ ။ ဒီတော့ ဘယ်လို လုပ်ကြရင်ကောင်းမလဲ လို. ဝိုင်းစဉ်းစားကြည့်ကြရအောင်နော် ။

Happy BD SV

Saturday, 5 May 2012

3 comments

-----x-----x-----



ကံကောင်းပါစေ မြန်မာပြည်ရယ်

Sunday, 22 April 2012

0 comments
နိုင်ငံရေးဆိုတာ ကစားပွဲ တစ်ပွဲဆိုရင် အဲ့လိုကစားပွဲမျိုးကို မကစားချင်ပါ ။ အဲ့လို ကစားနည်းမျိုးလည်း မရှိစေချင်ပါ ။

 ကျမ အနေနဲ.က ရွေးကောက်ပွဲ မကျင်းပခင်တုန်းက ရွေးကောက်ပွဲ ချောချောချူချူ ပြီးပါစေ ။
NLD နိုင်ပါစေ လို. ဆုတောင်းနေခဲ့တယ် ။ ဒါဟာ ကျမ ဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုပဲ ။
ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာ နိုင်ငံတကာ ဝင်ဆန်.တဲ့ ၊ အမြင်ရှိတဲ့ လူတွေပါစေချင်တယ် ။
ကံကော်လို. ရောက်သွားတာမဟုတ်ပဲ တကယ်တော်လို.ရောက်တာ ဖြစ်စေချင်တယ် ။ ပြောမယ့်သာ ပြောရပါတယ် NLD မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ. အချို.လောက်သာ အားရလောက်တဲ့ အရည်အချင်းမျိုးရှိတာပါ ။ ထားလိုက်ပါတော့ ။

နှစ်သစ် ဆုတောင်း

0 comments





မြန်မာ့ နှစ်သစ် အခါ သမယ မှာ  မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပေါင်း နှင့် တကွ ဘလော့ကို အမှတ်မထင်ဖြစ်စေ ၊ ရည်ရွယ်၍ ဖြစ်စေ ရောက်ရှိလာကြသူများ အားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေလို. အရင်ဆုံး ဆုတောင်းပေးပါတယ် ။

အတာသင်္ကြန်ရေနဲ.အတူ မကောင်းသောအကျင့်ဆိုးများ ရေနဲ.မျောပါပြီး အကျင့်ကောင်းလေးများ ပိုပြီး တောက်ပလင်းလက်လာကြဖို.လည်း မျှော်လင့်မိပါတယ် ။
သင်္ကြန်တွင်း မြန်မာမိန်းကလေးများရဲ့ အဝတ်အစားလော်လီမှု.ကြောင့် မြန်မာအချင်းချင်း အငြင်းပွားမှု.မျိုးတွေဖြစ်ခဲ့ကြရတယ် ။ အကောင်းမြင်သူတွေ ရှိသလို အဆိုးမြင်သူတွေရှိကြတဲ့အထဲ ကျမကတော့ အဆိုးမြင်သူတွေ ဖက်ကပါ ။

လွတ်လပ်စွာ ရွေးချယ်ပါ

Wednesday, 28 March 2012

0 comments

ဘာလိုလိုနဲ. သင်္ကြန်ရနံ.သင်းတဲ့ ဧပြီလတောင်ရောက်လာတော့မယ် ။ ဒီ ဧပြီလလေးရဲ့ ပထမဆုံးနေ.လေးက မြန်မာပြည်သူတွေ ကိုယ်တိုင် မြန်မာပြည်အရေးကို ဖန်တီးခွင့်ရမယ့် ၊ မိမိယုံကြည် အားကိုးရာ လူထုကိုယ်စားပြု အမတ်များကို ရွေးချယ်ပေးကြရတော့မယ့် ထူးခြားတဲ့ နေ.လေးတစ်နေ.ပါပဲ ။

ဘယ်သူ.ကို မဲပေးကြမလဲ ဆိုတာ စဉ်းစားဆုံးဖြတ်တဲ့ အခါ သတင်းစာ ၊ ဂျာနယ်တွေကြောင့် တွေဝေပြီး သို.လော သို.လော ဖြစ်နေကြသူတွေ ရှိကောင်းရှိကြလိမ့်မယ် ။ ဒါကြောင့် ဘယ်သူ.ကို ဘာအတွက် ရွေးချယ်သင့်တယ်ဆိုတာလေးကို မျှပေးလိုက်တာပါ ။

တော်လှန်ရေး နေ.မှသည် တပ်မတော် နေ.ဆီသို.

Tuesday, 27 March 2012

0 comments

 ဒီကနေ.မှာ ကျရောက်တဲ့ မြန်မာ့တော်လှန်ရေးနေ.(ခ) မြန်မာ့တပ်မတော်နေ. ကို ဂုဏ်ပြုသော အားဖြင့် မြန်မာ့တော်လှန်ရေးနေ.စတင်ခဲ့တဲ့ ရဲဘော်သုံးကျိပ် နှင့် မြန်မာ့တပ်မတော်နေ. ကျင်းပကြပုံများကို တင်ပေးလိုက်ပါတယ် ။




 




လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်

Saturday, 10 March 2012

0 comments

  1. လူသည် နိုင်ငံရေး သတ္တဝါဖြစ်သည်။
    Human is political animal. (Aristotle)


  2. ကျွန်ုပ်တို့သည် ဒဿနိကများ နေရာတွင် နိုင်ငံရေးများ ဝင်ရောက်နေရာ ယူလာသည့် ကမ္ဘာကြီးထဲ၌ နေထိုင်နေကြသည်။
    We live in a world in which politics has replaced philosophy. (Martin L. Gross, A Call for Revolution, 1993)


  3. နိုင်ငံရေး ဆိုသည်မှာ သွေးမြေကျခြင်း မရှိသည့် စစ်ပွဲတစ်ပွဲဖြစ်ပြီး။ စစ်ပွဲ ဆိုသည်မှာ သွေးထွက်သံယို မှုများ ပြည့်နေသော နိုင်ငံရေး ဖြစ်သည်။
    Politics is war without bloodshed, while war is politics with bloodshed. (Mao Zedong)


  4. နိုင်ငံရေးဆိုသည်မှာ စစ်ပွဲများကဲ့သို့ စိတ်လှုပ်ရှားစရာ ကောင်းသလို အန္တရာယ်လဲ ကြီးပေသည်။ စစ်ပွဲတွင် တကြိမ်သာ အသတ်ခံရနိုင်သော်လည်း နိုင်ငံရေးတွင် အကြိမ်ကြိမ်အသတ်ခံရနိုင်သည်။
    Politics are almost as exciting as war, and quite as dangerous. In war you can only be killed once, but in politics many times. (Winston Churchill)


  5. ကျွန်ုပ်တို့ အစိုးရများကို အရာအားလုံးလုပ်ဖို့ မစောင့်သင့်ပေ။ ကမ္ဘာတဝှမ်းလုံး အင်တာနက်ခေတ် ရောက်နေချိန်၌ အစိုးရတိုင်းက သဘာဝအရကို နှေးကွေးလာနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အဆင့်တိုင်း၊ ခြေလှမ်းတိုင်းအတွက် နိုင်ငံရေးထောက်ပံ့မှု့များဖြင့် တည်ဆောက် နေရသောကြောင့် ဖြစ်သည်။
    We cannot wait for governments to do it all. Globalization operates on Internet time. Governments tend to be slow moving by nature, because they have to build political support for every step. (Kofi Annan)


  6. တရားဝင်ပြောရေးဆိုပိုင်ခွင့်ရှိသူအား မည်သူမျှ မယုံကြပေ။ သို့သော် အမည်မဖော်လိုသော သတင်းအရင်းအမြစ်တစ်ခုဆိုလျှင်တော့ လူတိုင်းယုံတတ်ကြ၏။ (ရွန်နက်ဆင်း)

သမ္မတကြီး ကြားသိစေချင် .....

Friday, 2 March 2012

0 comments
သမ္မတကြီး ဦးသိန်းစိန် ရဲ့ မိန်.ခွန်းတွေကို ဖတ်လိုက်ရပါတယ် ။ များပြား ရှည်လျားတော့ အကုန်တော့ မမှတ်မိပါ ။ သို.သော် အဲ့ဒီထဲက မှ ပြောစရာလေး ရှိလို. ရေးချမိပါ၏ ။ ဘယ်သူတက်တယ် ၊ ဘယ်လိုတက်တယ် ၊ ဘာတွေလုပ်တယ် ဆိုတာကို ကျော်လွှားပြီး ဝန်ထမ်းတွေ လစာတိုးသင့် မတိုးသင့်ကိုပဲ တိုက်ရိုက် သွားကြပါစို.။

ကျမ အမြင်ပြောရရင် ဝန်ထမ်းတွေလစာ တိုးသင့်ပါတယ် ။ 


ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဖြစ်နေတာက
လူတစ်ဦးချင်းစီရဲ့ ဝင်ငွေ မလုံလောက်လို. စားဝတ်နေရေး မပြေလည်မှု.တွေ ရင်ဆိုင်နေရတယ် ၊ တလစာဝင်ငွေဟာ တပါတ်လောက်နဲ.တင် ကုန်သွားတဲ့ ခေတ်ဖြစ်တော့ အစိုးရ ဌာနဆိုင်ရာတွေမှာ လာဘ်ယူခြင်း ယဉ်ကျေးမှု. တွင်ကျုယ်လာနေပါတယ် ။ ဒါကို မသိချင်ယောင်ဆောင်နေလို. မရသလို ဒါဟာ ခြေလှမ်းပေါင်းများစွာထဲက အရေးကြီးတဲ့ ခြေတစ်လှမ်းပဲ ဖြစ်တယ် ။ ဒါကြောင့် အစိုးရဝန်ထမ်း ဘယ်နှစ်ရာခိုင်နှုန်း ရှိရှိ ၊ ပုဂ္ဂလိက ဝန်ထမ်း ဘယ်နှစ်ရာခိုင်နှုန်းရှိရှိ  အစိုးရဝန်ထမ်းရော ပုဂ္ဂလိက ဝန်ထမ်းပါ အတူအကျိုးသက်ရောက်စေပြီး အားလုံးပြေလည်အောင် လုပ်လို.ရပါတယ် ။ အဓိကကတော့ လာဘ်စားမှု.ပပျောက်ပြီး ပြည်သူတွေ စားဝတ်နေရေး ပြေလည်စေဖို.ပဲ မဟုတ်ပါလား ။

နတ်မောက်သားလေး သခင်အောင်ဆန်း (သို့ ) လွတ်လပ်ရေးရဲ့ ဖခင်

Monday, 13 February 2012

3 comments
လတွေ လတွေ ထဲမှာ ဖေဖော်ဝါရီလလေး က ထူးခြားတဲ့ လလေး လို. ဆိုရမယ်... ဖေဖော်ဝါရီ ၁၂ ရက် ( ပြည်ထောင်စုနေ့) နဲ့ ဖေဖော်ဝါရီ ၁၃ ရက် ( မြန်မာတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့လေး ) က ကပ်ရက်ကျရောက် နေတာပါပဲ..... မြန်မာပြည် အလယ်ပိုင်းက နတ်မောက်မြို.လေးမှာ ဖခင် ဦးဖာ ၊ မိခင် ဒေါ်စု တို့က ဖေဖော်ဝါရီ ၁၃ ၊ ၁၉၁၅ မှာ နောင်တချိန်မှာ နိုင်ငံ့လွတ်လပ်ရေးအတွက် ဘဝကို စတေး အသက်ကိုပေးပြီး အရယူပေးခဲ့တဲ့ ခေါင်းဆောင်ဖြစ်လာမဲ့ ကလေးလေးတယောက်ကို မွေးဖွားသန့်စင်ခဲ့ပါတယ်....ဒီကလေးလေးကတော့ အများသိကြတဲ့ ပြည်သူချစ်တဲ့ ပြည်သူကိုလည်း ချစ်တဲ့ သခင်အောင်ဆန်း(ခ) ဗိုလ်ချုပ်အောင်ဆန်းပါပဲ... အဲ့ဒီနေ့လေးအတွက် ငယ်ငယ်တည်းက ရွတ်ဆိုလာခဲ့ရတဲ့ အရမ်းလဲ နှစ်သက်တဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေး ကိုပဲ ပြန်လည်ဝေမျှပေးလိုက်ပါတယ်.....


အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ၁၃ မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ပွား၊ မိခင်ဒေါ်စုသား

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊ ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်ဒို့ဖခင်

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊ ပြည်ချစ်ဒို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား.................။

ပြည်ထောင်စု အတွက် သီချင်းတစ်ပုဒ်

Saturday, 11 February 2012

0 comments
မနက်ဖန်  ဖေဖော်ဝါရီလ (၁၂) ရက်နေ.မှာ  ကျရောက်မယ့် (၆၅) နှစ်မြောက်  ပြည်ထောင်စုနေ. ကို ကျမ  နှစ်သက်မိသော သီချင်းများထဲမှ  တစ်ပုဒ်ဖြစ်တဲ့  စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ဆိုတဲ့ တေးသီချင်းလေးနဲ. ဂုဏ်ပြု ကြိုဆိုလိုက်ပါတယ်

video

......
လေးစားစွာဖြင့်
simple views

2012 UK အလှ

Monday, 6 February 2012

0 comments

မြန်မာနိုင်ငံသား တယောက် အမြင် (၂)

Sunday, 5 February 2012

0 comments
ဒီနေ. စာရေးဖို.အဆင်ပြေနေတာနဲ. ကိုယ့်စိတ်ထဲ ရှိတာလေးတွေ ချရေးဖြစ်လိုက်တယ် ။ မြန်မာနိုင်ငံမှာ အခုဆို လူမှု.ရေးအသင်းအဖွဲ.တွေ တဖွဲ.ပြီးတဖွဲ.ပေါ်လာနေကြတာ ကြည်နူးမိပါတယ် ။ ဒါပေမယ့်လည်း ကမ္ဘာ့အများဆုံး လူမှု.ရေးအဖွဲ.ရှိတဲ့နိုင်ငံဆိုပြီး ရက်ဒ်ကော့ ဝင်သွားမှာလည်း စိုးမိပါသေးတယ် ။ အဲ့ဒီအပြင် ဒီ အဖွဲ.အစည်းတွေဟာ တကယ့် စိတ်ရင်း စေတနာမှန်နဲ. တိုင်းပြည် အကျိုး ရေရှည် သယ်ပိုး နိုင်ပါ့မလားဆိုတဲ့ သံသယ စိတ်ကလည်း ရှိနေပါသေးတယ် ။ ဒီလူမှု.ရေးအဖွဲ.အစည်းဆိုတာကို ခုတုံးလုပ်ပြီး ဘာသာရေး ၊ နိုင်ငံရေး အမြတ်ထုတ်မှာကို တော့ တစက်ကလေးမှ မလိုလားပါ ။ ဘုန်းကြီးကျောင်းများ အပါအဝင် ဦးကျော်သူ ၊ မဖြူဖြူသင်းတို.လူမှု.ရေးလုပ်ငန်းတွေ အောင်မြင်လာတော့ အများက အားပေးလာတော့ နောက်ထပ် အဖွဲ.လေးတွေ မှိုလိုပေါက်လာကြတယ် ။ ကောက်ရိုးမီးတွေ မဖြစ်ပါစေနဲ.၊ ဘာသာရေးအကျိုးအမြတ်ဖြစ်စေ ၊ နိုင်ငံရေးအကျိုးအမြတ်ဖြစ်စေ မျှော်ကိုးပြီးလုပ်တာ မဖြစ်ပါစေနဲ.လို.ပဲ ဆုတောင်းမိတယ် ။
Related Posts Plugin for WordPress, Blogger...




လာရောက်လည်ပတ် ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ဤ စာမျက်နှာမှ စာများကို ကြိုက်နှစ်သက်ပြီး မိတ်ဆွေ (သို့) သူငယ်ချင်းများ သို့ တစ်နည်းနည်းဖြင့် ကူးယူဖော်ပြ မျှဝေသုံးစွဲမည်ဆိုပါက ဤစာမျက်နှာ ၏ Owners များထံမှ ခွင့်တောင်းပြီးမှသာ ဖော်ပြပေးပါရန် လေးနက်စွာ အသိပေးအပ်ပါသည်။